Pee Mak Phrakanong ( 2013 ) မြန်မာစာတန်းထိုး

 







Unicode 



Pee Mak Phrakanong ( 2013 ) မြန်မာစာတန်းထိုး


IMDb Rating(7.4/10) ထိရရှိထားပြီး အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့ထိုင်းဇာတ်ကားဖြစ်ပါတယ်။အခု ပြန်လည်းခံစားလို့ရအောင် bluray 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ရုပ်ရှင်အညွှန်းကိုတော့ R Ker ရေးထားတာသဘောကျလို့ သူ့အမြင်ကို ညွှန်းလိုက်ပါတယ်။

Pee Mak နဲ့Nak ရဲ့ အချစ်မှာ Pee Mak ရဲ့အချစ်က ပိုပြီး ” အခရာ “ကျတယ် ..”ပိုပြီးအရေးပါအရာရောက်တယ် ” လို့ကျွန်တော်ထင်တယ် ..ဒါကြောင့်ပဲ ဇာတ်လမ်းနာမည်ကိုက Nak မဟုတ်ပဲ” Pee Mak ” ဖြစ်နေတာပေါ့ ..

Pee Mak ကသာ Nak ကို တကယ်မချစ်ရင် သူတို့ နှစ်ယောက်ကိုခွဲနေကြတဲ့သူငယ်ချင်းလေးယောက်နဲ့အတူ Pee Mak က ထွက်ပြေးမှာပေါ့ ..သို့တည်းမဟုတ် Pee Mak က Nak ကို” သရဲမကြီး !!!!! ” လို့အော်ပြီး Nak နဲ့ဝေးရာကိုရှောင်ပြေးပုန်းရှောင်ဖို့ကြိုးစားမှာပေါ့ ..

အဲ့လိုသာဆို အဲ့ဇာတ်လမ်းထဲမှာ Pee Mak က Nak ကိုရှောင်ပြေးရင်း Nak တစ်ယောက်ကအချစ်ရူးမကြီးဖြစ်ပြီး သူ့ကို တကယ်မချစ်တဲ့ Pee Mak ကိုလိုက်ပြီး သတ်ဖြတ်လုပ်ကြံဖို့ကြိုးစားရင်းနဲ့ တကယ့်ကြောက်စရာသရဲကား Drama အသည်းနာစရာအလွမ်းအဆွေးဇာတ်ကားကြီးဖြစ်သွားမှာပေါ့ ..

အလိုလိုနေရင်း Nak တစ်ယောက်ကလည်းလူတွေအမြင်မှာ သရဲမကြီး အပြင် လူဆိုးမကြီး ဖြစ်သွားမှာပေါ့ ..ဒါဆိုရင် အဲ့လိုဇာတ်လမ်းကြီးကိုလူတွေကြိုက်ပါ့မလား ???ပရိတ်သတ်ကိုဆွဲဆောင်နိုင်တဲ့ပြကွက်တွေ ဖြစ်ပါ့ဦးမလား ???

သေချာကြည့်ရင် ဇာတ်လမ်းထဲမှာက ဇာတ်လမ်းတစ်ဝက်နားလောက်ထိကိုNak က” Pee Mak သူ့ကို တကယ်ချစ်ရဲ့လား ” ဆိုတဲ့ သင်္ကာမကင်းမျက်လုံးလေးတွေနဲ့ကြည့်နေခဲ့တာလေ …တကယ့်ဇာတ်လမ်းထဲမှာကတော့ Pee Mak ရဲ့ အချစ်ကို ဖော်ကျူးပြီး ..Pee Mak က ..”သရဲတော့ကြောက်ပေမယ့် Nak မရှိမှာကို ပိုကြောက်တယ်

“..” Nak သေသွားရင် Pee Mak လည်း မနေနိုင်ဘူး ..သူလည်းလိုက်သေမယ် ” ..” Nak က သရဲမ မှန်းသိပေမယ့်လည်းအရသာမရှိတဲ့သစ်ရွက်ခြောက်တွေကိုကြိတ်မှိတ်မြိုသိပ်စားသောက်ရင်း Nak အနားမှာ အမြဲရှိနေမယ် ”ဆိုတဲ့ အချစ်စစ်ကိုဖော်ကြူးတဲ့ပြကွက်တွေကြောင့်သာ ဇာတ်လမ်းကြည့်ရှုသူပရိတ်သတ်အပေါင်းကို ဇာတ်ကားတစ်ကားလုံးရဲ့ဟိုးအထွဍ်အထိပ်ဆီကို ခေါ်ဆောင်သွားနိုင်တာပါ ..

ဇာတ်လမ်းရဲ့ဆိုလိုရင်းက”အချစ်စစ်သာစစ်မှန်ရင် ဘယ်သူတွေက ဘယ်လိုပဲ ချစ်သူနှစ်ဦးကို ဝေးကွာအောင်ခွဲနေပါစေ ..ကာယကံရှင်နှစ်ဦးလုံးရဲ့ အချစ်ကသာ စစ်မှန်ခဲ့ရင် ပေါင်းစပ်ဆုံဆည်းနိုင်တယ်ဆိုတာပါပဲ ” ..Pee Mak က ချစ်တတ်လွန်းလို့ Nak က မချစ်တတ်ပါဘူး .. မချစ်ဘူးလို့လည်း မဆိုလိုဘူးနော် ..

နောက်ဆုံး Nak ကို သရဲမကြီးမှန်း အားလုံးသိသွားပြီး Pee Mak ကို သူတို့နဲ့အတူရှောင်ပြေးဖို့တိုက်တွန်းနေတဲ့ သူငယ်ချင်းလေးယောက်ရဲ့ စကားကိုနားမထောင်ပဲ ..လိုက်မသွားပဲ .. ထွက်မပြေးပဲ ငိုနေတဲ့ Pee Mak ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို” Nak ” ကဇောက်ထိုးကြီးမှာတောင် သူ့ရဲ့ လက်အရှည်ကြီးနဲ့ Pee Mak ရဲ့ မျက်ရည်တွေကိုသုတ်ပေးခဲ့တယ်

မဟုတ်ပါလား ???ကျွန်တော်ကတော့ ယုံကြည်တယ် .. Pee Mak ကြည့်ပြီးရယ်တဲ့သူထက် ငိုတဲ့သူက ပိုများမယ်ဆိုတာ ..တကယ်တော့ Pee Mak ဇာတ်လမ်းကလူတွေခေါင်းစဉ်တပ်သလို” အဲ့သရဲကား အရမ်းရယ်ရတယ် သွားကြည့်ပါလား ???

“ဆိုပြီးပြောတာမျိုးဟာ” အဲ့ဒီအချစ်ကားလေး အရမ်းကောင်းတယ် သွားကြည့်ပါ့လား ” လို့ပြောတာထက်စာရင် ဟာသဆိုတာကို နာမည်ခံသုံးပြီး အချစ်ကားလို့မပြောချင်တဲ့လူတွေကသာဟာသကားလို့ပြောကြတာထင်တာပဲ .. တကယ်တော့ Pee Mak ကားထဲကဟာသပြကွက်တွေဆိုတာ ရင်ထဲစွဲကျန်လောက်အောင်ဘာမှမဟုတ်ပါဘူး ..

အခုပြန်တွေးကြည့်ရင် ပြန်ပြီးမြင်ယောင်နေမိတာကတော့ ဟာသပြကွက်တွေထက်အချစ်နဲ့ပတ်သတ်တဲ့ပြကွက်နဲ့စကားလုံးတွေပိုများမှာပါ ..ဟာသဆိုတာကဒီဇာတ်ကားမှာ ” နှမ်းဖြူးတယ် ” ဆိုရုံလောက်လေးလို့ပဲ ပြောရမလား ?

ဒီဇာတ်ကားရဲ့ တကယ့်အနှစ်သာရ အချစ်လောက်အရေးမပါတဲ့ပြကွက်တွေလို့ပဲ ပြောရမလား ?ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ဖူးသူတိုင်း ဇာတ်လမ်းကို ပြန်မြင်ယောင်တောင့်တကြည့်တာနဲ့တင်သိနိုင်ပါတယ် ..






👇👇👇👇👇👇👇👇👇
https://m.facebook.com/story.php?story_fbid=135289448306240&id=103847071450478

File size...905MB
File size... direct link
https://mkvlinks.xyz/5kVZGi




👇👇👇👇👇👇👇

https://www.facebook.com/103847071450478/posts/105780701257115/

File size... 905MB
File size...ditect link




Zawgyi






















MKV Link (ဒေါင်းနည်း)
ကြေငြာတွေထဲမှာ ရွာလည်နေရင် လင့်ကို copyယူပြီး ဘရောက်ဇာမှာ ဒေါင်းကြပါခင်ဗျာ...
👇👇👇👇👇👇👇👇👇
https://m.facebook.com/story.php?story_fbid=135289448306240&id=103847071450478

File size...905MB
ဇာတ်ကားကိုဒီမှာဒေါင်းပါ 👇 https://mkvlinks.xyz/93QIxFGo
File size... direct link
ဇာတ်ကားကိုဒီမှာဒေါင်းပါ 👇
https://mkvlinks.xyz/5kVZGi


Adsကြေငြာတွေထဲရောက်သွားလို့် ရွာလည်နေသူများ လင့်ကို copy ယူပြီး ဘရောက်ဇာမှာ pasteချပြီး ဒေါင်းကြပါခင်ဗျ...

Bc.vc Link (ဒေါင်းနည်း)

👇👇👇👇👇👇👇

https://www.facebook.com/103847071450478/posts/105780701257115/

File size... 905MB
ဇာတ်ကားကို ဒီမှာဒေါင်းပါ 👇 http://bc.vc/N5DH4hv
File size...ditect link
ဇာတ်ကားကိုဒီမှာဒေါင်းပါ 👇 http://bc.vc/QkXMCmt

Comments

Popular Posts